ကဗျာ

*"*သက်တန့်ရောင်စဉ်ည” . *


ဒီတစ်ည.." လ " ကသာတယ်..
တောင်စဉ်ရေမရ အတွေးတွေထဲ
ဘာကြောင့်...စိုးမိုးနိုင်လွန်းလဲ ချစ်သူ...
နေ့နေ့...ညည
ချစ်သူပုံရိပ်တွေနဲ့...
ကျနော်...နေသားကျနေခဲ့ပြီ ...
အိပ်မက်တိုင်းလည်း
ချစ်သူ့ အပြုံးရိုင်းလေးတွေ
ကျနော့်မှာ....ဖက်တွယ်ငြိလို့....
ဖြူစင်တဲ့ပါးပြင်မှာ
အနမ်းတစ်ပွင့်....စိတ်ကူးနဲ့
စွန်းထင်းစေခဲ့တယ် .....
မွှေးပျံ့ရီဝေလိုက်တာ....
အရာရာတိုင်းဟာ မှုံရီဝါးလို့
အဲဒီ တဒင်္ဂ...
ချစ်သူနဲ့ ကျနော်..
တစ်ကမ္ဘာမှာ...နှစ်ယောက်တည်းရှိနေခဲ့တယ်..
အတွေးတွေလည်း ပြာရီလင်းလို့
ရီဝေ ....လှိုက်မော...
ကျယ်ပြောတဲ့ အချစ်ပင်လယ်ပြင်....
ရွက်စုံဖွင့်ထားတဲ့ ...လှေငယ်ထဲ
လိုက်ရဲပါ့မလား ချစ်သူ ???
မုန်တိုင်းလည်းထန်လိမ့်မယ်....
ကျနော့်လက်ကိုတွဲ
ခပ်ရဲရဲသာ ...၀င်လာခဲ့ပါ...
ချစ်သူအတွက်....
အချစ်ကဗျာတွေ သီကုံးရင်း
ဂစ်တာတစ်လက်နဲ့ ဖျော်ဖြေနေမယ်...
စိတ်တိုင်းကျ နားဆင်ပါ
အဖိုးအခအဖြစ်...
အပြုံးတစ်ပွင့်နဲ့
ပါးပြင်တစ်ဖက်...ချစ်သူ့လက်...
အသက်ထက်ဆုံးပိုင်ဆိုင်ပါရစေ.....။


*"မိဿ” . *



နက္ခတ်တာယာ ကြယ်တကာတို့
ခြယ်ကာမှုန်းသ အလှအပများနှင့်
အဦးထိပ်ဖျား ဖန်တီးထားသော
အသစ်တဖန်မွေးဖွား ၀င်စားထားသည့်
ရာသီပထမ ဒီမိဿ
ပေါ့ပါးသွက်လက်ဖျတ်ဖျတ်လတ်နှင့်
ထက်မြက်ထီမထင် ဒီအသွင်က
ပင်ကိုယ်ဟန်ထား ရန်များသလို
ပိုးဖဲကတ္တီပါ စီချယ်ပါလည်း
ပကတိသွင် ကြည်လင်ပေရာ
တင့်တယ်သရေ ဂုဏ်ရှိလေသည်
ရာသီပထမ ဒီမိဿ
ဆူးခြုံဖုန်ကြား ကျောက်ဆောင်များအား
ကြောက်ရွံ့မရှိ လှည့်လည်ဘိသည့်
တောင်ဆိတ် တစ်ကောင်အလား
တိုက်ပွဲများက ချွေးသံတရွှဲရွှဲ
သွေးသံရဲနှင့် အခေါင်ထိပ်ဖျား
ကျောက်ဆောင်ကြားက မြက်ပင်စိမ်းမြ
အာသီသကို ရအံ့နိုးနိုး
မျှော်ကိုးတိုက်ခိုက် ယှဉ်ပြိုင်လိုက်သည့်
ရာသီပထမ ဒီမိဿ....


*"သီးငယ်ချင်း” . *


သူငယ်ချင်းရေ...
အနာဂါတ်ဆိုတာရှိခဲ့ရင်.....
တို့တွေအတူလင်းလက်ခွင့်ရချင်ရဲ့.....
နောင်နှစ်ပေါင်းအသင်္ချေအထိပေါ့........
မင်းရဲ့ကလောင်တေးသွားတွေနဲ့အတူ.....
သူငယ်ချင်းရေ....
အတိတ်ဆိုတာကို...
မတမ်းတလေနဲ့ကွယ့်.......
တို့ဆက်ရမယ့်လမ်း....
ကြမ်းတမ်းလွန်းတော့လည်း....
တို့တွေအတူဖေးမကူညီခဲ့သင့်တာပေါ့......
ဒါပေမယ့်ကွယ်....
ဒီရင်ဘတ်ထဲ....
အဆိပ်သက်သက်မာနတွေက....
တို့တွေအားလုံး...
အတုံးအရုံးရှုံးအောင်..
ကြံစည်နေလေရဲ့.....
အားမလျှော့လေနဲ့သူငယ်ချင်း....
မင်းလဲကျခဲ့ရင်တောင်...
ဟောဒီကောင်တွေက.....
နှလုံးသွေးတစ်ခွက်...
မင်းအတွက်...
အသက်ဆက်ဖို့...
ပေးခဲ့ချင်ခဲ့တာ....
(အားမတန်မာန်လျှော့တဲ့)
မလိုက်နာနဲ့သူငယ်ချင်း...
မင်းအတွက်...
ရင်ထက်ထက်ကို....
ကိုင်လှုပ်နိုင်မယ့်..ကကြိုးတစ်ပုဒ်....
ငါဖန်ဆင်းပေးလိုက်ပါရဲ့....
သူငယ်ချင်း.........မင်းပျော်နိုင်ပါစေ....
သူငယ်ချင်း.....မင်းရဲ့ကလောင်စွမ်းအားတွေရင့်သန်နိုင်ပါစေ...
သူငယ်ချင်း......မင်းဖန်ဆင်းလိုက်တိုင်း...ပန်းတစ်ပွင့်ဖြစ်နိုင်ပါစေ.....
သူငယ်ချင်း.....မင်းရဲ့ကဗျာတစ်ပုဒ်...လူငုတ်တုတ်ကို...တုန်လှုပ်သွားအောင်....ပြုစားနိုင်ပါ

*"*အဆုံးမဲ့ ရှိခြင်းတရား” . *


ကောင်းကင်တခွင်လုံး တိတ်ဆိတ်...ခြောက်သွေ့တဲ့ရော်ရွက်ဝါတွေ...တခါတခါ လွင့်ကြွေကျလို့...." ဒေါင်...ဒေါင်....ဒေါင်..."
ခေါင်းလောင်းသံထိုးပြီ.....လာလော့အဆွေ...။ငိုကြွေးခြင်းတွေ...ပူဆွေးသောကတွေကို.......ပယ်ခွာချလို့....................
ကဗျာတွေ သံပြိုင်ရွတ်နေဖို့လိုတယ်........အသက်မဲ့နေတဲ့...ငါ့ခန္ဓာ..အုတ်နံရံတွေနဲ့ မပိတ်လှောင်ပါနဲ့..ခုတ်ထစ်ဖြတ်ပိုင်းလို့..

ငါးစာကျွေးပါ...(သို့တည်းမဟုတ်)ဟင်းလင်းပြင်မှာ...ဗလာကျင်းလို့...ငှက်စာကျွေးပါ..ဒါဟာ..အသက်ဝိဥာဉ်တစ်ခုအတွက်
ကူညီရာ ရောက်ပေလိမ့်မယ်...ငါ့မြေပုံမို့မို့အပေါ်...ကြက်ခြေခတ်တစ်ခု စိုက်ထူပါ.....ဓမ္မတေးသံတွေနဲ့........
ဒါဟာ...ပကတိအရှိတရားသာ ဖြစ်လိမ့်မယ်..။ငိုကြွေးမယ့်အစား....ကဗျာတစ်ပုဒ်စပ်သီကုံးပါ..
ပန်းပွင့်တွေနဲ့ မွှေးရနံ့တွေအစား...သင်တို့ရဲ့ ငြိမ်းချမ်းတဲ့အကြည့်နဲ့........
ကဗျာရွတ်သံတွေသာ......ငါ့ဈာပန ဖြစ်လိမ့်မယ် ။ ....


*"အပြာရောင်နေ့တစ်နေ့” . *



ပြာလင်းနေမယ့်...နေ့တစ်နေ့...နတ်ဘုရားတို့ ဖန်ဆင်းမဲ့အချိန်...ငါ....စောင့်မျှော်နေမယ်...အဲဒီတစ်နေ့...ရောင်စုံပန်းပွင့်တွေနဲ့...ပျား ပိတုန်းတွေ ၀ဲပျံကြမယ်...
ကြယ်တွေလည်းအစုံ...ကောင်းကင်ဘုံမှာ....တိမ်တွေထွန်းလင်းလို့..ငါ့ဗီးနပ်စ်ကို ကြိုနေမယ်...ရင်ခွင်ဦးမှာ..ရူးရူးမူးမူး ချစ်ဖူးခဲ့တာပါ...ငါ့သွေးစက်တိုင်း...
ချစ်သူ...နာမည်တွေနဲ့ပြည့်နှက်....ငါဆိုတာ.....အဲဒီလို....အရိုင်းဆန်ခဲ့တဲ့ ကောင်ပါ ....။အပြာရောင်တစ်နေ့...ချစ်သူနဲ့ ဆုံတွေ့မယ်..ပကတိအရှိတရားနဲ့

ကောင်းကင်အပြင်ဖက်...ငါတို့ တက်တွေဖွင့်..ရွက်တွေလွှင့်..အိုး................ချစ်ခြင်းတရားတွေ...ကူးလူးပျံသန်း...ဗီးနပ်စ်ရဲ့ ရွှေအိုရောင်ဆံပင်တွေဗီးနပ်စ်ရဲ့
လေဝှေ့လိုက်တိုင်း...သံစဉ်တွေဖြာထွက်လို့...ငါ့ရင်ခွင်ကြားက...ချစ်သူရဲ့ ရှက်ပြုံးလေးတွေ...အနမ်းမိုးတွေနဲ့......၀ှက်ကွယ်ပေးထားမယ်...

အိုကွယ်....ချစ်သူရယ်...အဲဒီတစ်နေ့.....ငါ...စောင့်မျှော်နေတယ်....။

*"ဟာသလေးတွေဖတ်ပြီး ရယ်မောပျော်ရွှင်ရမယ့်အချိန” . *



ကိုယ်ဝန်အရင့်အမာနှင့် မိန်းမဖြစ်သူ အလွန်အမင်း ဗိုက်နာနေသည့်အတွက် ယောက်ျားဖြစ်သူက ဆရာဝန်ကို အသည်းအသန် ဖုန်းဆက်ခေါ်သည်။

ဆရာဝန်မကြီးရောက်လာပြီးနောက်-"လူနာရော""အခန်းထဲမှာ""ရှင် အပြင်မှာပဲနေနော်၊ အခန်းထဲဝင်မလာနဲ့""ဟုတ်ကဲ့"

ခဏကြာတော့ ဆရာဝန်မကြီးက တံခါးဟလိုက်ပြီး ယောက်ျားဖြစ်သူကို လှမ်းပြောတယ်။"၀က်အူလှည့်ရှိရင် အမြန်ပေးပါ""ဟုတ်ကဲ့"

ယောက်ျားဖြစ်သူက ယူပေးလိုက်တယ်။ ဆရာမကြီးဝင်သွားပြီး ခဏနေတော့ ပြန်ထွက်လာတယ်။"ပလာယာပါ လိုချင်တယ်""ဟုတ်"
တစ်မိနစ်လောက်ကြာတော့.."စို့ နဲ့ တူသာ ပေးပါတော့"ဒီတော့ လူနာရှင်ယောက်ျားက စိုးရိမ်တကြီးနဲ့ဒီတော့ လူနာရှင်ယောက်ျားက စိုးရိမ်တကြီးနဲ့
"ဆရာမရယ်၊ ပွင့်ပွင့်လင်းလင်းပြောပါခင်ဗျာ၊ လူနာရဲ့ အခြေအနေက တော်တော်ဆိုးလို့လား"
"မပြောတတ်သေးဘူးရှင့်၊ ဆေးသေတ္တာကို ဖွင့်လို့မရသေးလို့ လူနာကို မကြည့်ရသေးဘူး"...
hahahah.jpg...
ဂျီကာဂိုမြို့မှ အမျိုးသမီးကြီးတစ်ဦးသည် မရောက်ဖူးသေးသည့် ဖလော်ရီဒါပြည်နယ်သို့ ခရီးထွက်ရန် ဆုံးဖြတ်လိုက်သည်။ မြို့တစ်မြို့သို့ ရောက်သောအခါ

ဟိုတယ်တစ်ခုသို့ ၀င်သည်။ အဆိုပါဟိုတယ်မှာ လူမျိုးရေးခွဲခြားမှုရှိသော..ဟိုတယ်အဖြစ် ထင်ရှားသည့်ဟိုတယ် ဖြစ်သည်။ဟိုတယ်မန်နေဂျာအား အမျိုးသမီးကြီးက ပြောလိုက်သည်။
"ကျွန်မကို အခန်းတစ်ခန်းပေးပါ၊ နှစ်ပတ်ကြာနေပါ့မယ်"မန်နေဂျာက ပြန်ဖြေသည်။.."၀မ်းနည်းပါတယ်ခင်ဗျာ၊ ကျွန်တော်တို့ဆီမှာ အခန်းလွတ်မရှိပါဘူး"
ထိုအချိန်တွင် ဧည့်သည်တစ်ယောက် အခန်းလာအပ်သည်ကို တွေ့ရသဖြင့် အမျိုးသမီးကြီးက ၀မ်းသာအားရပြောလိုက်သည်။

"ကြည့်စမ်း၊ အဆင်ပြေလိုက်တာ၊ အခန်းတစ်ခန်း လွတ်သွားပြီ။ အခုပြန်အပ်တဲ့အခန်းကို ကျွန်မကိုပေးလို့ ရပြီမလား"
"စိတ်မရှိပါနဲ့ဗျာ၊ ကျွန်တော်တို့ဟိုတယ်မှာ ဂျူးလူမျိုးတွေကို တည်းခိုခွင့်မပြုပါဘူးခင်ဗျ"
"ဘယ်သူလဲ ဂျူးလူမျိုးက၊ ကျွန်မလား၊ ကျွန်မက ကတ်သိုလစ်ဘာသာဝင်ရှင့်"..
"လွယ်လွယ်ယုံဖို့တော့ ခက်ပါတယ်ခင်ဗျ၊ မေးခွန်းအချို့ မေးခွင့်ပြုပါ၊ ဘုရားသခင်ရဲ့ သားတော်ဟာ ဘယ်သူပါလဲ"

"မယ်တော်မေရီကမွေးတဲ့ ယေရှုသခင်ပေါ့ရှင့်""သူ့ကို ဘယ်မှာမွေးတာလဲ".."နွားတင်းကုတ်မှာ""ဘာဖြစ်လို့ နွားတင်းကုတ်မှာ မွေးရတာလဲ"
"နင်တို့လို အကောင်မျိုးတွေကြောင့် မယ်တော်မေရီ အခန်းငှားမရလို့တဲ့ဟေ့"...hahahah.jpg

တစ်နေ့တွင် ဆရာဝန်တစ်ယောက်ထံ နားထဲသို့ ဂေါ်လီလုံးဝင်သွားသော ကလေးလူနာတစ်ယောက် ရောက်လာလေသည်။ ဆရာဝန်ခမျာ ကလေးနားထဲသို့ ၀င်နေသော ဂေါ်လီလုံးကို
ခက်ခက်ခဲခဲနှင့် အသည်းအသန်ကြိုးစားပြီး ထုတ်ပေးလိုက်ရသည်။ ထို့နောက်...ကလေးငယ်အား မေးလိုက်သည်။"သားရယ်… နားထဲကို ဂေါ်လီလုံးဝင်အောင် ဘယ်လိုများ ဆော့လိုက်ပါလိမ့်"
ထိုအခါ ကလေးငယ်က "ဒီလိုပဲ ဦးဦးရဲ့" ဟုဆိုကာ ဂေါ်လီလုံးကို နားထဲသို့ ပြန်ထည့်ပြလိုက်လေသည်။...

လူနာ - ဒေါက်တာ၊ ကျွန်တော်လေ… အမြဲတမ်း စိတ်အားငယ်သလို ဖြစ်နေတယ်၊ ဘာလုပ်ရမလဲဆိုတာ အကြံပေးပါဦးခင်ဗျာ။
ဆရာဝန်
- လွယ်ပါတယ်ဗျာ၊ တခြားအကြောင်းတွေ လျှောက်စဉ်းစားမနေနဲ့၊ အလုပ်ထဲမှာ ခေါင်းမြှုပ်ထားလိုက်။
လူနာ - (ပြာပြာသလဲဖြင့်) ဟာ… အဲဒါတော့ မဖြစ်ဘူးဆရာ၊ ကျွန်တော်က ဘိလပ်မြေဖျော်တဲ့လူဗျ။
ဧည့်သည်များစုံလင်နေချိန်တွင် လူတစ်ဦးက အခြားသူငယ်ချင်းတစ်ဦးကို နောက်ပြောင်လိုသောကြောင့် စကားလှမ်းပြောသည်။

"တလောက ငါ အိပ်မက်,မက်တယ်ကွ၊ အိပ်မက်ထဲမှာ မင်းနဲ့ငါနဲ့...အတောင်ပံတွေပေါက်ပြီး ပျံကြတယ်။ ဒါပေမယ့် ဝေးဝေးကို မပျံနိုင်ဘဲ

တို့နှစ်ယောက်လုံး မြေကြီးပေါ်ကို ပြန်ကျလာကြတယ်။ အဲဒီအချိန်မှာ ငါက...
ပျားရည်တွေ အပြည့်ရှိတဲ့ တွင်းထဲကို ပြုတ်ကျပြီးတော့၊ မင်းကတော့


အညစ်အကြေးတွေ ပြည့်နေတဲ့ တွင်းကြီးထဲကို ကျသွားတယ်ကွ"
အပြောခံရတဲ့ သူငယ်ချင်းကလည်း ဟာသဉာဏ်ရှိသူဖြစ်လေတော့ ချက်ချင်းပဲ ပြန်ပြောလိုက်တယ်-
"အံ့သြစရာကောင်းလိုက်ပါဘိကွာ၊ ငါလည်း အဲဒီပုံစံအတိုင်းပဲ အိပ်မက်,မက်တာကွ။ ဒါပေမယ့် ငါက ရှေ့ဆက်ပြီး
အိပ်မက်ဆုံးတဲ့အထိ မက်ခဲ့သေးတယ်ကွ"
"ဟေ၊ ဟုတ်လား… ဘာတွေ ဆက်မက်ခဲ့သေးလို့လဲ"
"ငါတို့တွေ တွင်းတွေထဲကနေ ပြန်တက်လာပြီးတဲ့အချိန်မှာ တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန် လျှာနဲ့လျှက်ကြတယ်လေ"
ကျောင်းနေစ ကလေးငယ်တစ်ဦးကို လူကြီးတစ်ယောက်က အင်္ဂလိပ်စာလုံးများ မေးမြန်းလျက်ရှိသည်။
လူကြီး..- Ant ကို သိလားကွ။ကလေး - သိပါတယ်၊ ပုရွက်ဆိတ်ပါ။လူကြီး - မှန်တယ်၊ Apple ကရော။..ကလေး

- ပန်းသီးပါ။လူကြီး - ဒါဆို Book ကရောကွ။ကလေး - စာအုပ်။လူကြီး - အေးမှန်တယ်ကွ၊ Bag ကရောကွာ။ကလေး
- လွယ်အိတ်ပါ။လူကြီး - Cat ဆိုတာကရော။ကလေး - (အတန်ကြာစဉ်းစားလျက် မဖြေနိုင်သဖြင့် ခေါင်းကုတ်လျက်) မသိဘူးခင်ဗျ။

ကလေးငယ်အား ဖြေနိုင်စေရန်အတွက် လူကြီးဖြစ်သူက နိမိတ်ပြမေးခွန်း မေးလေသည်။...လူကြီး - သားတို့အိမ်မှာ ကြွက်ကို ဘယ်သူဖမ်းသလဲ။

ကလေး - အမေက ကြွက်ထောင်ချောက်နဲ့ ဖမ်းပါတယ်။...လူကြီး - ဘာကွ။..************************

ကွန်ပျူတာထဲမှာ သိမ်းထားတဲ့ ဟာသတွေကို ပြန်ဖတ်ရင်းနဲ့ သဘောကျတာလေးတွေကို ပြန်ဝေမျှတာပါ။ မူရင်းဟာသတွေမှာ အချို့အရေးအသားတွေက
ို သဘောမကျတဲ့အတွက် ဆီလျော်အောင်ပြန်ရေးထားပါတယ်။ ဖတ်ပြီးတော့ မရယ်ရဘူးဆိုရင် ကျွန်တော်ပြန်ပြင်ရေးတာ
လိုသွားလို့ ဖြစ်ပါလိမ့်မယ်။ မူရင်းဟာသတွေကတော့ တကယ်ရယ်ရတာ သေချာပါတယ်။ရယ်မောပျော်ရွှင်၍ အမောအပန်းပြေနိုင်ကြပါစေဟု...။

ဘ၀အမောတွေပြေကြပါစေ။.............

ရင် ကွဲ မြစ်. *



ကိုယ့်ခံတပ်နဲ့ ကိုယ်

နောက်ကျောမလုံတဲ့ အခန်းထဲ

ဘယ်သီချင်းမှလည်း မဖွင့်ချင်တော့ဘူး

ကံကြမ္မာကို စောင့်မျှော်ရတဲ့ ဒုက္ခက

တစ်ခါတစ်လေ

ကိုယ့်အရိပ်ကိုတောင် ထိတ်လန့်စေတယ်

ဘယ်လိုမှ ကြိုးညှိမရတဲ့

သွေးပျက်တတ်တဲ့ သန်းခေါင်ယံမှာ

တိတ်တဆိတ် အဖျားတက်

အဝေးက ကြယ်ကြွေတစ်ပွင့်ဟာ

ငါ့ရင်ဝကို ခွင်းမယ့် မြှားတစ်စင်းလား

အဲ့ဒီ ၀န်ထုပ်တွေနဲ့ 

နောက်ဆုံး ဥသြသံကို နားစွင့်နေရတာ

ည အမှောင်နဲ့တောင် မဆန့်တော့ဘူး....

*ကျွန် ကျွန်းဆွယ်* *


"သြ"..... မလေးရှားရေ......
မင်းရဲ့ ရာသီကွန်ယက်ထဲမှာ
မိုးနဲ့နွေသာ တစ်လည့်စီ
နေ့စဉ် စိုးမိုးနေကြပါလား...."
မင်းရဲ့ ဥတုရင်ခွင်ထဲမှာ
နှင်းကိုပွဲထုတ်တဲ့"ဆောင်း"ဆိုတာ
သနွေမတဲ့ခဲ့ဘူး ထင်ပ...."
နင်းကိုမှဲမတ်နိုးမိတဲ့ငါ
ယမမင်း မပိုင်သေးတဲ့
ငရဲမှာ ရောက်နေတလားလို့ ခံစားမိရဲ့...'
ငါချစ်တဲ့သူနဲ့ ခွဲခွာပြီး
ငါးနှစ်ကျော်ဆိုတဲ့ သက္ကရာဇ်
ကွဲပြိုသွားတာ မင်းကွန်ယတ်ထဲမှာပေါ့..."
ကမ္ဘာကြီးက ရွာဖြစ်လာပေမဲ့
ငါရုန်းမထွက်နိုင်တဲ့ မင်းလက်ထဲ
မင်းက ကမ္ဘာကြီးပြန်ဖြစ်သွားသလားလို့...."
မင်းကွန်ယက်ထဲ
ရုန်းကန်နေရတဲ့ငါ......
ကျွန်တွေပေါတဲ့ ဘေဘီလုံကို
မြင်ယောင်လာမိတယ်.....'
ငါကိုယ်တိုင်
ကျွန်ဖြစ်ခှဲ့ဖူးပြီမို့
ဘယ်တော့မှ ကွှန်ရဲ့အရှင်
မဖြစ်ချင်တော့ပါဘူး..."
ဒီလိုနဲ့ငါလဲ
ရာသီနွေနဲ့ရာသီမိုး
သူနိုင်ကိုနိုင်
အလဲထိုးနေတဲံ့ ကွှန်းဆွယ်ထဲမှာ..."
ရိက္ခာလေး မစို့မပို့
ပြဲဆုတ်နေတဲ့
ကိုယ်တိုင်ထွင်း ရွက်လှေနဲ့
လွင့်မျှောနေခဲ့တာ..."
ခက်ထန် ကြမ်းတမ်းလှတဲ့
မလေးရှား"ကျွန် ကျွန်းဆွယ်"ထဲမှာပေါ့"....


မြို့ပြတမ်းချ

မြို့ပြရေ.........
လောကဓံတွေနဲ့ ယဉ်တွဲကခုန်လို့
အိမ်မက်မဟုတ်တဲ့ ၀မ်းနည်းမှုတွေ
ခွဲခွာခြင်းတွေက ရှည်လျှားလို့
ကြံ့ခိုင်မှုဆိုတာလည်း
နဂိုကတည်းက တောင့်တင်းမှုမှ မရှိတာ..."
မြို့ပြရေ....
အလွမ်းကို အမည်မပေးတတ်တဲ့
ဦးတည်ရာမဲ့ ပျံသန်းနေတဲ့ ငှက်တကောင်ဟာ
ကောင်းကင်ကြီးတခုလုံး ရှာမတွေ့နိုင်သလို
အခုတော့
မျော်လင်းချက်တွေဟာ
ကျကွဲသွားခဲ့တဲ့ အိုးတလုံးလို
ဘယ်လိုမှအကောင်းမဖြစ်နျုင်တော့ဘူး....."
သီလိုက်ပွင့်လိုက်နဲ့
ငါတို့ရဲ့ အသီးအပွင့်တွေဟာ
လေခတိုင်း ကြွေခဲ့ရပေါင်းလည်း မနည်းတော့
မြို့ပြရေ....
ပဉ္စလက်အတတ်တွေနဲ့
ငါတို့ကို မျက်လှည့်ပြနေတာလား........." "

"လူ့ဘ၀"


အလွန်တိုလျ လူ့ဘ၀၀ယ်
လောကဓံတရား ထိုရှစ်ပါးကို
ကြိုးစားပြိုင်တု ရှေ.သို့ရှုကာ
ရုန်းရင်းကန်ရင်း ကြိုးစားရင်းက
ဘ၀တခု ချုပ်ပြတ်မှုကို
မျက်ဝါးထင်ထင် တွေ့ကာမြင်၍
သို့သော်ခဏ....
ဤဘ၀၀ယ်"ငါ"ကိုရှေးရှု
ငါကို ပြု၍ငါ၏အိမ်ရာ
ငါဥစ္စာဟုတစ်'ငါ""ငါ"နှင့်
ကြွေးကြော်ဟစ်က
အတ္တလွန်ကျုး ထို "ရူး"ကို
သွားတေါကတုံး..သွားဖုံးတွေကပဲ့
အမဲရိုးကို ဖဲ့မဟဲ့လို့ မာန်ဖီနေသည့်
ခွေးအိုငတ်က ပြုံးခေ၏
'ငါ"ချုးတွေထူ ငါ မြူတွေဆိုင်း
ငါ ခိုးတွေပိတ် သောကတွေရောက်
ဒေါသတွေပေါက်ပြီး ဘ၀တခု
ဖြတ်ခနဲက ချုပ်သွားလျှင် တန်ပါ့မလား.....' "


မှျေုာ်လင့်ချက်ရဲ့ သစ္စာ
ပေးလိုက်တာက....တစ်ဘဝ
ရလိုက်တာက.....ဗလာ
မဆိုင်သူတွေ အညွန့်ခူး
ငေးမော်မိသူတွေဟာ
ရိုက်ခတ်မှုအောက်က
မြေဇာပင်တွေ
မုသားသစ်ပင်အောက်မှာ
ရှင်သန်နေကြ
မုသားမပြောသူတွေ
ဘ၀သေ.....
အမှားတွေအမှန်ဖြစ်
လောကသစ္စာတရားဟာ
အိမ်မက်လား
ယုံတမ်းစကားလား...
သေသူတွေပြန်ရှင်မှ
အမှန်တရားဟာ နိုးထနိင်မှာလား.....
အဲဒီမနက်ကို
ငါမျှော်နေခဲ......''..."့